လွန်ခဲ့သော နှစ်ရက်ကဖြစ်ပွား ခဲ့သည့် နော်ဝေနိုင်ငံ ရှိလူအစုလိုက် အပြုံလိုက်သတ်ဖြတ်မှု တရားခံဖြစ်သူ အကြမ်းဖက်သမား Anders Behring Breivik မှာ ယင်း ဖြစ်ရပ်နောက်ကွယ်တွင်ပါဝင်ခဲ့သော်လည်း ၎င်း အနေဖြင့် အပြစ်မရှိကြောင်း ထွက်ဆိုလိုက်ပြီဖြစ်သည်။
လွန်ခဲ့သည့်တနင်္လာနေ့ကပြုလုပ်ခဲ့သည့် တရားရုံးကြားနာမှုတွင် ယခုလိုပြောကြားလိုက်ခြင်းဖြစ်ကာ ယခုလိုပြုလုပ်ခြင်းမှာ ပြင်းထန်သည့်သတိပေးချက် တစ်ခုကိုပြုလုပ်ခြင်းပင်ဖြစ်သည်ဟုပြောခဲ့သည်။ ၎င်း မှပြောရာ၌ ယခုလို သတ်ဖြတ်ရခြင်းမှာ ဥရောပတိုက်အား အစ္စလာမ် ပြုမှုမှကာကွယ် ရန်အတွက် ယခုလိုပြုလုပ်ရခြင်းဖြစ်ကြောင်း နော်ဝေ နေ့စဉ် သတင်းစာဖြစ်သည့် Aftenposten တွင် ရေးသားဖော်ပြခဲ့သည်။
အဆိုပါအမှု နှင့်ပတ်သက်ပြီး Breivikအား တရားရုံးစစ်ဆေးမှုများအတွင်း ရှစ်ပတ်ကြာမျှ ထိန်းသိမ်းထားရန် တရားသူကြီးမှ ဆုံးဖြတ်ထားပြီး ၎င်းအား အကြမ်းဖက်မှုနှင့်တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။ ၎င်း အားပထမလေးပတ်အတွင်း သီးသန့်အချုပ်ခန်းအတွင်းထားရှိမည်ဖြစ်ပြီး မည်သူနှင့်မှပေးတွေ့မည် မဟုတ်ကြောင်းနှင့်စာရေးသာခွင့်ကိုလည်း ပိတ်ပင်ထားမည်ဖြစ်ကာ ယခုအမှုနှင့်ပတ်သက်ပြီး လူထုမှကြားနာခွင့်ကိုလည်း ခွင့်ပြုမည်မဟုတ်ဘဲ ၎င်း အနေဖြင့် မူဆလင်ဆန့်ကျင်ရေး နှင့် နော်ဝေနိုင်ငံသားများအပေါ်တွင် မူဆလင် ဝါဒအပေါ်ခံယူမှုများနှင့်ပတ်သက်ပြီး သီးသန့် ကြားနာစေမည်ဖြစ်သည်ဟု ယင်းသတင်းတွင်ဖော်ပြသည်။
၎င်း၏ ယခုလိုပြုမူမှု အပေါ်ကြေငြာစာတန်းကို ယင်းတိုက်ခိုက်မှု မပြုလုပ်မီက အီးမေးမှတစ်ဆင့် လူပေါင်း ၅၇၀၀ ဆီသို့ပေးပို့ခဲ့ကြောင်းနှင့် ယခုလိုသတ်ဖြတ်မှုများပြုလုပ် ရခြင်းမှာ ၎င်း ၏အစွန်းရောက် အမြင်နှင့်ပတ်သက်ပြီး ဖော်ထုတ်ရန် အတွက်ပြုလုပ်ခြင်းသာဖြစ်ကြောင်းရေးသားခဲ့သည်။
source : Zogampost
No comments:
Post a Comment