လန်ဒန် ။ ။ တင်းနစ်ကွင်း တစ်ကွင်းစာခန့် ရှည်လျားသည့် မော်တော်ဆိုင်ကယ် တစ်စီးအား တီထွင်သူ တစ်ဦးဖြစ်သည့် Colin Furze မှာ ကမ္ဘာ့စံချိန်သစ် တင်နိုင်ရေး အတွက် စီးနင်းပြလိုက်ပြီ ဖြစ်သည်။
အံ့သြစရာ ကောင်းလောက်အောင်ပင် စုစုပေါင်း အရှည်ပေ ၇၂ပေ ရှည်လျားသည့် အဆိုပါ ဆိုင်ကယ်မှာ 125 cc အင်ဂျင်ကို အသုံးပြုထားပြီး တစ်လခန့်ကြာအောင် တည်ဆောက်ခဲ့ရကြောင်းနှင့် လူပေါင်း ၂၅ ဦးအထိ တင်ဆောင် စီးနင်းနိုင်ကြောင်း သိရသည်။
အသက် ၃၁ နှစ်အရွယ် ရှိပြီဖြစ်သည့် Colin Furze ဆိုသူမှာ မိခင်ဖြစ်သူ၏ နေအိမ်အနောက်ဖက်တွင် နောက်ထပ် ဂင်းနစ်စံချိန်သစ် တင်ရန်ဆိုသည့် ရည်ရွယ်ချက်ဖြင့် ယခုလို တီထွင်ခြင်း ဖြစ်ပြီး Linconshire တွင် နေထိုင်သည့် ပိုက်ပြင်လုပ်သား တစ်ဦးလည်း ဖြစ်သည့် Furze မှာ ယခင်က အမြန်ဆုံး စကူတာ မောင်းနှင်သူအဖြစ် ဂင်းနစ်စံချိန် တင်ထားသူ တစ်ယောက်လည်း ဖြစ်
Src : Zogampost