Showing posts with label မြန်မာ. Show all posts
Showing posts with label မြန်မာ. Show all posts

Monday, October 3, 2011

Facebook Timeline သစ်ကို ဘယ်လို စတင်လုပ်ဆောင်မလဲ

ထူးခြားသည့် ဖေ့စ်ဘုတ်ခ် features သစ် အားလုံးကို သင်ကြားသိနေမှာဖြစ်ပြီး ၎င်းတို့ကို စတင်ရန် သင် စိတ်အားထက်သန်နေမည်မှာ သေချာသလောက်ဖြစ်သည်။

အဆင့် (၈) ခုကို စတင်လုပ်ဆောင်ရန် ဆန္ဒရှိပါက brand-new Facebook Timeline ကို ယခုချိန်တွင် ရရှိမည်ဖြစ်သည်။

အောက်ဖော်ပြပါ ညွှန်ပြထားသည့် ပုံအတိုင်း လုပ်ရန်ဖြစ်ပြီး ဖေ့စ်ဘုတ်ခ်ကမ္ဘာသစ်ဆီ ရောက်ရှိသွားလိမ့်မည်ဖြစ်ကာ developers များကဲ့သို့ ဖြစ်ကောင်းဖြစ်လိမ့်မည်။ ညွှန်ကြားထားသည့်အတိုင်း ဂရုစိုက်စွာ လုပ်ဆောင်ပြီး အဆင်ပြေပါစေ။

ပထမဆုံး ဖေ့စ်ဘုတ်ခ် developer စာမျက်နှာဆီ သွားပါ။ ၎င်းသည် သင့်ဖေ့စ်ဘုတ်ခ်အကောင့်၏ အစိတ်အပိုင်းတခုဖြစ်သည်။ ဤ Link မှ စတင်လုပ်ဆောင်ရန် ဖြစ်သည်။

Thursday, September 22, 2011

Al Jazeera ရုပ်သံလိုင်း အကြီးအကဲ အလုပ်မှ နှုတ်ထွက်

နိုင်ငံတကာ သတင်း ရုပ်သံလိုင်းကြီး တစ်ခုဖြစ်သည့် Al Jazeera  ရုပ်သံလိုင်းမှ အကြီးအကဲ ဖြစ်သူ Wadah Khanfar မှာ တိကျသည့် အကြောင်းပြချက် ဖော်ပြခြင်း မရှိဘဲ အလုပ်မှ နှုတ်ထွက်သွားပြီ ဖြစ်ကြောင်း ယင်းသတင်းတွင် ကြေငြာသွားခဲ့သည်။

Khanfar မှာ ကာတာ အစိုးရ မှ ထောက်ပံ့ပေးသည့် အသံလွှင့် ဌာန တစ်ခုကို စတင်ရာမှ တစ်ဆင့် ကမ္ဘာ့ရှေ့ဆောင် တီဗွီ ရုပ်သံလိုင်း တစ်ခုအဖြစ် သို့ ရောက်အောင် စွမ်းဆောင်ပေးနိုင်ခဲ့သူလည်း ဖြစ်သည်။

၎င်းမှာ အမှုဆောင် အကြီးအကဲ ရာထူးကို ရယူခဲ့သည့် ၂၀၀၃ ခုနှစ်မှ စတင်ကာ ယခုလို ကမ္ဘာသိ သတင်း ရုပ်သံလိုင်းတစ်ခုသို့ ရောက်ရှိအောင် ပြု လုပ်ပေးခဲ့သူလည်း ဖြစ်သည်။ ယခုလို နုတ်ထွက်မှုမှာ  ကာတာ နိုင်ငံရှိ အမေရိကန် သံရုံးမှ လျှို့ဝှက်စာများကို wikileaks တွင် ဖော်ပြခဲ့ပြီးနောက် ပေါ်ထွက်လာခြင်းပင် ဖြစ်သည်။ ယင်းစာ များထဲတွင် Khanfar အနေဖြင့် အမေရိကန်အစိုးရနှင့် နီးစပ်သည့် ဆက်နွယ်မှုများ ရှိခဲ့ကြောင်း ဖော်ပြခဲ့ပြီး အမေရိကန်၏ ၂၀၀၅ ခုနှစ်က အီရတ်စစ်ပွဲ အတွင်းတွင် အမေရိကန် တာဝန်ရှိသူများ၏ တောင်းဆိုချက်ဖြင့် ၎င်းတို့ စစ်သားများ၏ အကြောင်း မကောင်းရေးသားချက်များကို ဖယ်ရှားပေးရန် သဘောတူခဲ့သည်ဆိုသည့် စာများလည်း ပါဝင်ကြောင်း သိရသည်။

အရှေ့ အလယ်ပိုင်း နိုင်ငံများရှိ မီဒီယာများမှ ပြောရာ၌ ကာတာ အစိုးရမှာ ယခုလို စာများ ထွက်ပေါ်လာမှုကို  စုံစမ်းမှုတစ်ခုကို ပြုလုပ်နေပြီးနောက် Khanfar အနေဖြင့် ရုတ်တရက် အလုပ်မှ နုတ်ထွက်ခဲ့ခြင်း ဖြစ်သည်ဟု ပြောကြား လိုက်သည်။


source : NHK news/mrtv-4  ( Zogampost)

Tuesday, August 2, 2011

ကမ္ဘာ့အရှည်ဆုံး မော်တော်ဆိုင်ကယ် လူ ၂၅ ဦးဖြင့်စံချိန်တင်

လန်ဒန် ။        ။ တင်းနစ်ကွင်း တစ်ကွင်းစာခန့် ရှည်လျားသည့် မော်တော်ဆိုင်ကယ် တစ်စီးအား တီထွင်သူ တစ်ဦးဖြစ်သည့် Colin Furze မှာ ကမ္ဘာ့စံချိန်သစ် တင်နိုင်ရေး အတွက် စီးနင်းပြလိုက်ပြီ ဖြစ်သည်။

အံ့သြစရာ ကောင်းလောက်အောင်ပင် စုစုပေါင်း အရှည်ပေ ၇၂ပေ ရှည်လျားသည့် အဆိုပါ ဆိုင်ကယ်မှာ 125 cc အင်ဂျင်ကို အသုံးပြုထားပြီး တစ်လခန့်ကြာအောင် တည်ဆောက်ခဲ့ရကြောင်းနှင့် လူပေါင်း ၂၅ ဦးအထိ တင်ဆောင် စီးနင်းနိုင်ကြောင်း သိရသည်။

အသက် ၃၁ နှစ်အရွယ် ရှိပြီဖြစ်သည့် Colin Furze ဆိုသူမှာ မိခင်ဖြစ်သူ၏ နေအိမ်အနောက်ဖက်တွင်  နောက်ထပ် ဂင်းနစ်စံချိန်သစ် တင်ရန်ဆိုသည့် ရည်ရွယ်ချက်ဖြင့် ယခုလို တီထွင်ခြင်း ဖြစ်ပြီး Linconshire တွင် နေထိုင်သည့် ပိုက်ပြင်လုပ်သား တစ်ဦးလည်း ဖြစ်သည့် Furze မှာ ယခင်က အမြန်ဆုံး စကူတာ မောင်းနှင်သူအဖြစ် ဂင်းနစ်စံချိန် တင်ထားသူ တစ်ယောက်လည်း ဖြစ်  

Src   : Zogampost

Thursday, July 28, 2011

ဒေါ်စု အကြောင်းဇာတ်ကား “The Lady” ကို တိုရွန်တို ရုပ်ရှင်ပွဲတွင် ပြမည

 ဒေါ်အောင်ဆန်းစုကြည်အဖြစ် Michelle Yeoh သရုပ်ဆောင်ထားပြီး ဒါရိုက်တာ Luc Besson ရိုက်ကူးသော “The Lady” ဇာတ်ကားသည် စတင်ဘာလတွင် ကျင်းပမည့် တိုရွန်တို နိုင်ငံတကာ ရုပ်ရှင်ပွဲတော်၌ ပြသသွားမည်ဖြစ်ကြောင်း နယူးယောက်တိုင်းမ် သတင်းစာ အရ သိရသည်။

အဖွင့်ပွဲအား U2 နှင့် အဖွဲ့ဝင် အဆိုတော် Bono တို့၏ အကြောင်း ရိုက်ကူးထားသည့် “From the Sky Down” အမည်ရ မှတ်တမ်းရုပ်ရှင်ဖြင့် ဖွဲ့လှစ်မည်ဖြစ်သည်။  ရုပ်ရှင်ပွဲတော်သည် စတင်ဘာလ ၈ ရက်မှ ၁၈ ရက် အထိ ကျင်းပသွားမည်ဖြစ်ပြီး “The Dangerous Method,” “The Ides of March” နှင့် “Moneyball.” ရုပ်ရှင်များ ပါဝင်ပြသမည် ဖြစ်သည်။

“The Lady,” ဖြင့် ခေါ်သော ဒီမိုကရေစီခေါင်းဆောင် ဒေါ်စုကြည်၏ nickname ဖြစ်ပြီး ဇာတ်လမ်းထဲတွင် မြန်မာပြည် ဒီမိုကရေစီ ပြောင်းလဲရေးအတွက် ပေးစပ်အနစ်နာခံမှုများအား အဓိကဖော်ပြသွားသည်။ ဒေါ်စုသည် ဗြိတိန်နိုင်ငံသား မိုက်ကယ်အဲရစ်နှင့် အိမ်ထောင်ကျခဲ့ပြီး ဇာတ်လမ်းထဲတွင် David Thewlis က သရုပ်ဆောင်ထားခဲ့သည်။

တိုရွန်တိုရုပ်ရှင်ပွဲတော်မှာ မြောက်အမေရိကတိုက်၏ အကြီးဆုံးရုပ်ရှင်ပွဲတော်တစ်ခု လည်းဖြစ်ပြီး အော်စကာဆုရှင်များစွာကိုမွေးထုတ်ပေးခဲ့သည့် ရုပ်ရှင်ဇာတ်ကားများကို ဖော်ထုတ်ပေးခဲ့သည့် ပွဲတော်တစ်ခုလည်းဖြစ်သည်။ တိုရွန်တိုပွဲတော်မှာ ကိန်းရုပ်ရှင်ပွဲတော်နှင့် ဘာလင် ရုပ်ရှင်ပွဲတော် တို့ကဲ့သို့  တရားဝင် ဇာတ်ကားပြိုင်ဆိုင်မှု မရှိသော်လည်း ပရိတ်သတ် အကြိုက် ဆုကိုမူပေးအပ် ကြောင်း သိရသည်။
 source: mizzima/channelnewsasia

Src  :  Zogampost

Tuesday, July 26, 2011

နော်ဝေပစ်ခတ်သူတရားခံ အပြစ်မရှိကြောင်းထွက်ဆို


လွန်ခဲ့သော နှစ်ရက်ကဖြစ်ပွား ခဲ့သည့် နော်ဝေနိုင်ငံ ရှိလူအစုလိုက် အပြုံလိုက်သတ်ဖြတ်မှု တရားခံဖြစ်သူ အကြမ်းဖက်သမား  Anders Behring Breivik မှာ ယင်း ဖြစ်ရပ်နောက်ကွယ်တွင်ပါဝင်ခဲ့သော်လည်း ၎င်း အနေဖြင့်  အပြစ်မရှိကြောင်း ထွက်ဆိုလိုက်ပြီဖြစ်သည်။

လွန်ခဲ့သည့်တနင်္လာနေ့ကပြုလုပ်ခဲ့သည့် တရားရုံးကြားနာမှုတွင် ယခုလိုပြောကြားလိုက်ခြင်းဖြစ်ကာ ယခုလိုပြုလုပ်ခြင်းမှာ ပြင်းထန်သည့်သတိပေးချက် တစ်ခုကိုပြုလုပ်ခြင်းပင်ဖြစ်သည်ဟုပြောခဲ့သည်။ ၎င်း မှပြောရာ၌ ယခုလို သတ်ဖြတ်ရခြင်းမှာ ဥရောပတိုက်အား အစ္စလာမ် ပြုမှုမှကာကွယ် ရန်အတွက် ယခုလိုပြုလုပ်ရခြင်းဖြစ်ကြောင်း နော်ဝေ နေ့စဉ် သတင်းစာဖြစ်သည့်  Aftenposten တွင် ရေးသားဖော်ပြခဲ့သည်။

အဆိုပါအမှု နှင့်ပတ်သက်ပြီး Breivikအား တရားရုံးစစ်ဆေးမှုများအတွင်း  ရှစ်ပတ်ကြာမျှ ထိန်းသိမ်းထားရန် တရားသူကြီးမှ ဆုံးဖြတ်ထားပြီး ၎င်းအား အကြမ်းဖက်မှုနှင့်တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။ ၎င်း အားပထမလေးပတ်အတွင်း သီးသန့်အချုပ်ခန်းအတွင်းထားရှိမည်ဖြစ်ပြီး မည်သူနှင့်မှပေးတွေ့မည် မဟုတ်ကြောင်းနှင့်စာရေးသာခွင့်ကိုလည်း ပိတ်ပင်ထားမည်ဖြစ်ကာ ယခုအမှုနှင့်ပတ်သက်ပြီး လူထုမှကြားနာခွင့်ကိုလည်း ခွင့်ပြုမည်မဟုတ်ဘဲ ၎င်း အနေဖြင့် မူဆလင်ဆန့်ကျင်ရေး နှင့် နော်ဝေနိုင်ငံသားများအပေါ်တွင် မူဆလင် ဝါဒအပေါ်ခံယူမှုများနှင့်ပတ်သက်ပြီး သီးသန့် ကြားနာစေမည်ဖြစ်သည်ဟု ယင်းသတင်းတွင်ဖော်ပြသည်။

၎င်း၏ ယခုလိုပြုမူမှု အပေါ်ကြေငြာစာတန်းကို ယင်းတိုက်ခိုက်မှု မပြုလုပ်မီက အီးမေးမှတစ်ဆင့် လူပေါင်း ၅၇၀၀ ဆီသို့ပေးပို့ခဲ့ကြောင်းနှင့် ယခုလိုသတ်ဖြတ်မှုများပြုလုပ် ရခြင်းမှာ ၎င်း ၏အစွန်းရောက် အမြင်နှင့်ပတ်သက်ပြီး ဖော်ထုတ်ရန် အတွက်ပြုလုပ်ခြင်းသာဖြစ်ကြောင်းရေးသားခဲ့သည်။


source :  Zogampost

Tuesday, July 19, 2011

သုံးရက်အတွင်း ဒေါ်လာ ၁၆၈ သန်းကျော်ဖြင့် Potter ကား Batman ကို ကျော်ဖြတ်

 လောစ့်အိန်ဂျယ်လိ ။   ။ ပြည်တွင်းနှင့်နိုင်ငံတကာ ရုပ်ရှင်ရုံများတွင် အောင်မြင်မှု သရဖူဆောင်းလျက်ရှိသည့်  ဟယ်ရီပေါ်တာ ဇာတ်ကား မှာစံချိန် တင်မှုအသစ်တစ်ခုကို ထပ်မံပြုလုပ်လိုက်ပြန်ပြီဖြစ်သည်။

Warner Bros ကုမ္ပဏီ၏ ခန့်မှန်းချက်အရ Harry Potter and the Deathly Hallows: Part 2 ဇာတ်ကားမှာ လွန်ခဲ့သည့် သောကြာနေ့မှတနင်္ဂနွေနေ့ အထိပြည်တွင်းပြသမှုမှတစ်ဆင့် ဒေါ်လာ  ၁၆၈.၆ သန်းရရှိခဲ့ ကြောင်း သိရှိရပြီး ယခင် ၂၀၀၈ ခုနှစ်ကတင်ထားခဲ့သည့် The Dark Knight ဇာတ်ကားမှ စံချိန်ဖြစ်သည့် ဒေါ်လာ ၁၅၈.၄ သန်းကို ကျော်ဖြတ်ပြီး အပါတ်ကုန်ရက်အတွင်း ယခုလို ဝင်ငွေစံချိန်တင် ရရှိခဲ့ခြင်းဖြစ်သည်။

နိုင်ငံတကာပြသမှုများမှတစ်ဆင့် လွန်ခဲ့သည့် ဗုဒ္ဓဟူးနေ့တွင် နိုင်ငံပေါင်း ၅၉ နိုင်ငံတွင် စတင် ပြသခဲ့ပြီးနောက်ပိုင်း ဒေါ်လာ ၃၀၇ သန်းရရှိခဲ့ ပြီး လွန်ခဲ့သည့် မေလကရုံတင်ခဲ့သည့် pirates of the carribbean ဇာတ်ကား ၏ဝင်ငွေ ဖြစ်သည့် ဒေါ်လာ ၂၆၀.၄ သန်း ထက်စာပါကပိုမိုရရှိခဲ့ သည့် တစ်ခုတည်းသောဇာတ်ကားလည်းဖြစ်လာခဲ့ပြီဖြစ်သည်။

ယခုလိုဝင်ငွေများရရှိမှုမှာ ဟယ်ရီပေါ်တာဇာတ်ကားများထဲတွင် အများဆုံးဝင်ငွေစံချိန်တင်နိုင်ခဲ့ခြင်းဖြစ်ပြီး မကြာမီကာလတွင် ဘီလီယံဒေါ်လာအထိ ရရှိသည့် စံချိန်ကိုတင်နိုင်လိမ့်မည်ဖြစ်သည်ဟု ပြည်တွင်းဖြန့်ချိရေး အကြီးအကဲ Dan Fellman မှပြောကြားလိုက်သည်။


source :Zogampost

Tuesday, July 5, 2011

နောက်ထပ် မုဒိမ်းမှု တစ်ခုဖြင့် Strauss-Kahn ရင်ဆိုင်ရမည်

 ယခင်က IMF အကြီးအကဲဖြစ်သူ Strauss-Kahn မှာ ပြင်သစ် စာရေးဆရာမ တစ်ဦးဖြစ်သူ Tristane Banon အား မုဒိမ်းမှု ကျူးလွန်ရန် ကြိုးစားခဲ့ကြောင်း တရားစွဲဆိုခံလိုက်ရ ပြန်ပြီ ဖြစ်သည်။ လွန်ခဲ့သော ၂၀၀၃ ခုနှစ်က ပဲရစ်မြို့ရှိ အခန်း တစ်ခုအတွင်း Ms Banon မှ Strauss-Kahn အား အင်တာဗျူး တစ်ခုပြုလုပ် နေစဉ် ယခုလို ကျူးလွန်ရန် ကြိုးစားခဲ့ခြင်း ဖြစ်ကြောင်း သူမ၏ ရှေ့နေမှ ပြောကြားခဲ့သည်။ အလားတူပင်  Strauss-Kahn မှလည်း သူ့အား မှားယွင်းစွာ  စွပ်စွဲခဲ့မှု အတွက် ပြန်လည် တရားစွဲဆိုမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Strauss-Kahn  မှာ မကြာသေးမီ ရက်ကမှ နေအိမ် အကျယ်ချုပ်မှ လွတ်မြောက်ခြင်း ဖြစ်ပြီး လွန်ခဲ့သော မေလ ၁၄ ရက်နေ့ က ဟိုတယ် ဧည့်ဆောင်ထိန်းကို စော်ကားခြင်း မပြုခဲ့ကြောင်း  ငြင်းဆိုခဲ့ခြင်း ဖြစ်သည်။ ယခု အမှုသစ်မှာ Strauss-Kahn  အနေဖြင့် နယူးယောက်ရှိ နေအိမ် အကျယ်ချုပ်တွင် နေထိုင်စေရန် အမိန့်ချပြီး  မကြာမီပင် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ကိစ္စဖြစ်ပွားစဉ်က သူမအနေဖြင့် ရဲဌာနသို့ သွားရောက် တိုင်ကြားခဲ့ခြင်း မရှိဘဲ လွန်ခဲ့သည့် ၂၀၀၇ ခုနှစ်တွင် ပြုလုပ်သည့် tv ရှိုး အစီအစဉ်၌သာ ထုတ်ဖော်ခဲ့ခြင်း ဖြစ်သည်။ Ms Banon ၏ ဥပဒေ အရာရှိ ဖြစ်သူမှ ပြောရာ၌ ၎င်း၏ အမှုသည်မှာ လွန်ခဲ့သည့် တနင်္လာနေ့က တရားဝင် တိုင်ကြား ခဲ့ခြင်းဖြစ်ပြီး တရားရုံးသို့ မုဒိမ်းမှု ကျူးလွန်ရန် ကြိုးပမ်းမှု အဖြစ် အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်။

source :  Zogampost

ဟောင်ကောင် မော်ဒယ်များ၏ ကိုယ်ရေး သတင်း အချက်လက်များ ဟက်ကာတို့ တိုက်ခိုက်

ဟောင်ကောင်။   ။ ဟောင်ကောင်ရှိ မော်ဒယ်နှင့် သရုပ်ဆောင်ဖြစ်သူ Lynn Hung ၏ မော်ဒယ် အေဂျင်စီဖြစ်သည့် Style International Management မှာ ဟက်ကာများ၏ ဓါးစာခံ အဖြစ် ကျရောက် ခဲ့ရပြီး အဆိုပါ ဟက်ကာများမှာ Style International မှ မော်ဒယ် ပြိုင်ပွဲဝင် သူများ၏ ဖော်ချွတ် ဓါတ်ပုံများကို အီးမေးအတုဖြင့် တောင်းဆိုခဲ့ ကြကြောင်း ဟောင်ကောင် မီဒီယာ သတင်းတွင် ဖော်ပြသည်။
မိမိတို့ အနေဖြင့် အစောပိုင်း တွေ့ရှိချက် များအရ  ဟက်ကာများမှာ အေဂျင်စီ၏ မော်ဒယ် ပြိုင်ပွဲအတွက် သတ်မှတ် ထားသည့် အီးမေး အကောင့် (Style Model Hunt 2011 @ Harbour City ) သို့ ချိုးဖျက် ဝင်ရောက် ခဲ့ကြောင်း ယင်းမှ တစ်ဆင့် ပြိုင်ပွဲဝင်များ၏ ကိုယ်ရေး အချက်အလက် အသေးစိတ်ကို ရယူခဲ့ကာ နောက်ထပ် အီးမေးအတု ဖြစ်သည့် (stylemodellhunt2011@gmail.com) ကို L တစ်လုံး အပိုဆောင်းပြီး ဖွင့်ခဲ့ကာ ပုံမှားရိုက်ပြီး ပြိုင်ပွဲဝင် မော်ဒယ်များ၏ ကိုယ်လုံးတီး ပုံများကို တောင်းဆို ခဲ့ကြောင်း အေဂျင်စီ ဒါရိုက်တာ ဖြစ်သူ Kim Chou  မှ အင်္ဂါနေ့တွင် ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ယခုလို အီးမေး မှတစ်ဆင့် ကုမ္ပဏီ ဝန်ထမ်း အသွင်ဖြင့် မော်ဒယ်များ၏  ကိုယ်လုံးတီး သို့မဟုတ် အတွင်းခံများဖြင့် ဝတ်စား ထားသည့် ဓါတ်ပုံများကို တောင်းဆိုခဲ့ခြင်း ဖြစ်သည်ဟု ပြောခဲ့ကာ အဆိုပါ အွန်လိုင်း တိုက်ခိုက်မှု ခံရသည်ကို အပါယ်ခံ မော်ဒယ် နှစ်ယောက်မှ အထက်ပါ အချက်နှင့် ပတ်သက်ပြီး ပြောလာရာ မှတစ်ဆင့် သိခဲ့ရခြင်းလည်း ဖြစ်ကြောင်း ပြောခဲ့သည်။

အထက်ပါ ကိစ္စကြောင့် မော်ဒယ်များ အနေဖြင့် အမှန်ဟု ယူဆပြီး မိမိတို့၏ ဓါတ်ပုံများကို  ပေးလိုက်မည်ကို စိုးရိမ်သဖြင့် ရဲအဖွဲ့သို့ အကြောင်း ကြားပြီး သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်လိုက်ခြင်း ဖြစ်သည်။ ယခုလို မော်ဒယ်ပြိုင်ပွဲ ဝင်ရောက် ယှဉ်ပြိုင်သူ မော်ဒယ်များ အနေဖြင့် ပြိုင်ပွဲမှ မသင့်လျော်သည့် တောင်းဆိုမှုများ ရှိပါက ငြင်းပယ်ခွင့် ရှိပြီး အတွင်းခံများ ရေကူး ဝတ်စုံများဖြင့် ယှဉ်ပြိုင်ရန် ပြောလာပါကလည်း ငြင်းပယ်ခွင့် ရှိကြောင်း သိရသည်။

Source:Zogampost

Tuesday, June 28, 2011

ကဒါဖီအား နိုင်ငံတကာတရားရုံးမှ ဖမ်းဆီးမိန့် ထုတ်ပြန်


နယ်သာလန် ။     ။ နယ်သာလန်နိုင်ငံ ကမ္ဘာ့စစ်ခုံရုံးမှ တရားသူကြီးများမှာ လစ်ဗျားနိုင်ငံ ခေါင်းဆောင် မွန်မာကဒါဖီ နှင့်၎င်း၏ အရင်းနှီိးဆုံး မိတ်ဖက်နှစ်ဦးကို လူသား မျိုးနွယ်စုကို သတ်ဖြတ်နေသည့် ပြစ်မှုဖြင့် လွန်ခဲ့သော တနင်္လာနေ့က ဖမ်းဆီးမိန့် ထုတ်ပြန်လိုက်ပြီ ဖြစ်သည်။

ဟေ့ဂ်မြို့ အခြေစိုက် နိုင်ငံတကာ ပြစ်မှုဆိုင်ရာ တရားရုံးမှ တရားသူကြီး တစ်ဦးဖြစ်သူ Sanji Mmasenono Monageng မှယခုလို ဖမ်းဆီးမိန့်ကို  ထုတ်ပြန် လိုက်ခြင်းဖြစ်ကာ နေတိုးတပ်ဖွဲ့ ဝင်များမှ ရက်၁၀၀မြောက် စစ်ဆင်ရေး ပြုလုပ်သည့် နေ့တွင် ယခုလို ထုတ်ပြန်ခြင်းပင် ဖြစ်သည်။

မည်သို့ပင် ဆိုစေကာမှု ကဒါဖီ အနေဖြင့် လစ်ဗျားနိုင်ငံတွင် ဆက်လက် အာဏာရနေဆဲ ဖြစ်ပြီး အပြည့်အဝ ပြည်တွင်းစစ် အသွင်ကိုလည်း ဆောင်နေပြီ ဖြစ်သည်။ နိုင်ငံတကာ တရားရုံး ရှေ့နေဖြစ်သူ Luis Moreno-Ocampo မှာ ကဒါဖီနှင့် ၎င်း၏သားဖြစ်သူ ဆာဟိအာဆလမ်နှင့် လစ်ဗျား ထောက်လှမ်းရေး အကြီးအကဲ အဘ္ဘဒူလာအယ်လ်ဆင်နှုဆီ တို့ကို လူသတ်မှုနှင့် လူပေါင်းများစွာကို ဖိနှိပ်မှုတို့ဖြင့် ဖမ်းဆီးမိန့် ထုတ်ပြန်နိုင်ရန် လွန်ခဲ့သော ဖေဖော်ဝါရီလ ကပင်စတင်ပြီး တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

လက်ရှိအချိန်အထိ လူထောင်ပေါင်း များစွာမှာ တိုက်ပွဲများကြောင့် သေဆုံးခဲ့ရပြီ ဖြစ်ပြီး  အခြားလူ ၆၅၀၀၀၀ မှာ နိုင်ငံမှ ထွက်ပြေးကြရကာ လူပေါင်း ၂၄၃၀၀၀ မှာ တိုက်ပွဲများမှ ကင်းလွတ်စေရန် နေရာရွေ့ပြောင်းမှုများကို ပြုလုပ်ခဲ့ကြရသည်။ လစ်ဗျား နိုင်ငံမှာ လွန်ခဲ့သော ဖေဖော်ဝါရီလ မှစတင်ကာ ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့ရပြီး နောက်ပိုင်းတွင် ပြည်တွင်း မငြိမ်သက်မှု မှတစ်ဆင့် ပြည်တွင်းစစ် အသွင်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။

source : channelnewsasia

Friday, June 24, 2011

မန္တလေးနှင့် နေပြည်တော် ဗုံးများကွဲ


ချင်းမိုင် (မဇ္ဈိမ) ။      ။ မန္တလေးမြို့ ဈေးချိုဟိုတယ်ရှေ့တွင် သောကြာနေ့ နေ့လည်က ကားဗုံးပေါက်ကွဲမှု ဖြစ်ပွားရာ အနည်းဆုံး လူတဦး ထိခိုက်ဒဏ်ရာရမှု ဖြစ်ပွားသည်။

Thursday, June 23, 2011

နေ၏ လုပ်ငန်းစဉ်များ လျော့ပါးမှုကြောင့် ရေခဲ ခေတ် အငယ်စား ဖြစ်ပေါ် လာနိုင်ခြင်း


လာမယ့်နှစ်နှစ်တာကလ အတွင်းမှနေရဲ့ လုပ်ငန်းစဉ်များ စတင်ယုတ်လျော့ သွားမှာ ဖြစ်တဲ့အတွက် ကမ္ဘာမြေပေါ်မှာ ရေခဲခေတ် အငယ်စားတစ်ခု ဖြစ်ပေါ်လာနိုင်ကြောင်း အမေရိကန်သုတေသီများက ပြောကြားခဲ့ပါတယ်။ အမေရိကန် နက္ခတ္တဗေဒအဖွဲ့အစည်း လက်အောက်မှ နေစွမ်းအင်ဆိုင်ရာ ရူပဗေဒဌာနစိတ်မှ သိပ္ပံပညာရှင်များ လုပ်ဆောင်ခဲ့တဲ့ သီးခြား လေ့လာမှု(၃)ခုမှာ နေရဲ့လုပ်ငန်းစဉ်များဟာ (၂၀၁၃)ခုနှစ်မှာ (၁၁)နှစ် သံသရာစက်ဝန်းအတွင်း အမြင့်ဆုံး အနေအထားကို ရောက်ရှိပြီးနောက် ပြန်လည်လျော့ပါးသွား မှာ ဖြစ်တယ်လို့ ဖော်ပြ ထားပါတယ်။

အဲ့ဒီလို နေရဲ့လုပ်ငန်းစဉ်များ လျော့ပါးသွားခြင်းကြောင့် ဖြစ်ပေါ်လာမယ့် အအေး ဓါတ်လွန်ကဲခြင်း အကျိုးသက်ရောက်မှုကို ကမ္ဘာကြီးပူနွေးလာမှုက သာလွန်သွားနိုင်ကြောင်း လန်ဒန်အင်ပါယာတက္ကသိုလ်မှ ကမ္ဘာ့လေထုဆိုင်ရာ ပညာရှင်တစ်ဦးက ပြောကြားခဲ့ပါတယ်။ ၎င်းက ပြောကြားရာမှာ နေရဲ့ လုပ်ငန်းစဉ်များဟာ ရေရှည်ပြောင်းလဲမှု အဖြစ် ဖြစ်ပေါ်လာနိုင်ပြီး (၁၇)ရာစုနှစ် နှောင်းပိုင်းက အခြေအနေမျိုး ကြုံတွေ့ရနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။ (၁၆၄၅) ခုနှစ်နဲ့ (၁၇၁၅)ခုနှစ်အကြားမှာ အလားတူဖြစ်စဉ်မျိုး ဖြစ်ပွားခဲ့တာကြောင့် ဥရောပတစ်ဝှမ်းမှာ ဆိုးဝါးပြင်းထန်တဲ့ ဆောင်းရာသီများ ဖြစ်ပေါ်ကြုံတွေ့ခဲ့ရဖူးပါတယ်။

အဲ့ဒီကာလအပိုင်းအခြားကို ရေခဲခေတ်အငယ်စားအဖြစ် သတ်မှတ်ခဲ့ကြပြီး ဥရောပအနောက်မြောက်ပိုင်းမှ အပူချိန်ဟာ ပုံမှန် ထက်(၁)ဒီဂရီဆဲစီးယပ် လျော့ကျခဲ့ပြီး ပျမ်းမျှကမ္ဘာ့အပူချိန်ထက် (၀.၅)ဒီဂရီ ဆဲစီးယပ် လျော့နည်း သွားခဲ့ပါတယ်။ အခုလို နေရဲ့လုပ်ငန်းစဉ်များ ယုတ်လျော့သွားမယ့် ဖြစ်စဉ်ဟာ ကမ္ဘာ့အပူချိန် လျော့ကျမှုနဲ့ ဆက်စပ်နေတဲ့တာကြောင့် အဆိုပါ သဘာဝဖြစ်စဉ်ဟာ ကမ္ဘာတစ်ဝှမ်းက ရာသီဥတု ပြောင်းလဲမှုများအပေါ် သက်ရောက်မှုရှိနိုင်တယ်လို့ သိရပါတယ်။-mrtv-4


Src  : Zogampost

မီးဘေးအန္တရာယ်နှင့် ဆိုးဝါးစွာရင်ဆိုင်နေရသည့် အမေရိကန်ပြည်ထောင်စု


အမေရိကန်ပြည်ထောင်စု အလယ်ပိုင်းနဲ့ အနောက်တောင်ပိုင်း ရှိ ပြည်နယ်ခုနှစ်ခုမှာ လေပြင်း တိုက်ခတ်ပြီး မီးဘေးအန္တရာယ်နဲ့ ကြုံတွေ့နေပါတယ်။ အထူးသဖြင့် အရီဇိုးနား ပြည်နယ်မှာ အဆိုးဝါးဆုံးဖြစ်ပြီး အဆိုပါ ပြည်နယ်နဲ့ နယူးမက်္ကဆီကိုပြည်နယ်တို့မှာ မီးဘေးအန္တရာယ် သတိပေးနှိုးဆော်ထားကြောင်း အမေရိကန်မိုးလေ၀သဌာနမှ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ယူတာ၊ ကော်လိုရာဒို၊ ကန်ဆက်စ်၊ အိုကလာဟိုးမားနဲ့ တက္ကဆက်ပြည်နယ်တို့မှာ လည်း တောမီးများ လောင်ကျွမ်းလျက်ရှိတယ်လို့ သိရပါတယ်။ အရီဇိုးနားပြည်နယ်ရှိ မြို့နှစ်မြို့မှ ဒေသခံ ခြောက်ထောင်ကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းဖို့ အာဏာပိုင်များက ညွှန်ကြားထားပြီး နေအိမ်အချို့ မီးလောင်ကျွမ်းခံခဲ့ရပေမယ့် ထိခိုက်ဒဏ်ရာရရှိသူ မရှိဘူးလို့ တာဝန်ရှိသူ များကပြောကြားခဲ့ပါတယ်။ ဒါ့အပြင် အခုလ(၁၂)ရက်နေ့က စတင်လောင်ကျွမ်းခဲ့တဲ့ တောမီးဟာ လေတိုက်နှုန်း တစ်နာရီမိုင်(၅၀)ကြောင့် တဟုန်ထိုးကြီးထွားလာတဲ့အတွက် အဝေးပြေး လမ်းမအမှတ်(၉၂)တစ်လျောက်ရှိဒေသခံများကို ဘေးလွတ်ရာသို့ တိမ်းရှောင်ကြဖို့ အာဏာပိုင်များက ညွှန်ကြားခဲ့ပါတယ်။

ဒါ့အပြင် အရီဇိုးနားပြည်နယ်မှာ လေပြင်းတိုက်ခတ်မှု၊ စိုထိုင်းဆနည်းပါးမှုတို့ကြောင့် မီးငြှိမ်းသတ်ဖို့ အခက်အခဲ ဖြစ်နေပါတယ်။  မီးလောင်ကျွမ်းမှုကြောင့် အရီဇိုးနားပြည်နယ်က မြေဟတ်တာပေါင်း နှစ်သိန်း ခုနှစ်ထောင်ကျော် လောင်ကျွမ်းပျက်စီးသွား ခဲ့ရတယ်လို့ သိရပါတယ်။-mrtv-4

Wednesday, June 22, 2011

ကျောင်းများမှ အရည်အချင်းရှိသူ ဟက်ကာများကို မြောက်ကိုရီးယားတို့ ရွေးချယ်ေ

ယခင်က ဟက်ကာ တစ်ယောက်အဖြစ် ဆောင်ရွက်ခဲ့သူနှင့် လက်ရှိ ဟက်ကာ နည်းပြ လုပ်နေသူတစ်ဦး၏ အပြောအရ မြောက်ကိုရီးယား အနေဖြင့် အိုင်တီစွမ်းအား ကောင်းသည့် နိုင်ငံများဖြစ်သည့် တောင်ကိုရီးယား တို့ကဲ့သို့ နိုင်ငံများအား ဆိုက်ဘာ တိုက်ခိုက်မှုများ ပြုလုပ်နိုင်ရန်အတွက် စွမ်းအားမြှင့် လုပ်ငန်းများ လုပ်ကိုင် လျက်ရှိကြောင်း ပြောကြားလိုက်သည်။


Kim Heung-kwang ဟုအမည်ရသူမှာ ယခင်က  မြောက်ကိုရီးယားနိုင်ငံမှ သိပ္ပံပါမောက္ခ တစ်ယောက်ဖြစ်ပြီး ပြုံးယမ်းမြို့ Kim Chaek နည်းပညာတက္ကသိုလ်မှ ဘွဲ့ရရှိခဲ့သူ တစ်ယောက်ဖြစ်ကာ data processing ဖြင့်ဘွဲ့ရခဲ့သူဖြစ်သည်။ ထို့နောက် Hamhung  ကွန်ပြူတာကောလိပ်တွင် ကျောင်းဆက်တက်ခဲ့ပြီး  ၁၉ နှစ်ကြာမျှ ဆိုက်ဘာရေးရာ ဌာနတွင် ကွန်ပြူတာ သင်တန်းဆရာ အဖြစ် Hamheung ကွန်ပြူတာနှင့် ကွန်မြူနစ်သိပ္ပံတွင် ဆောင်ရွက်ခဲ့သည်။

တစ်ချိန်တည်းမှာပင်  ၎င်းအနေဖြင့် တောင်ကိုရီးယားနိုင်ငံ၏ တီဗွီ နှင့် ဒရာမာ၊  နိုင်ငံခြားစာအုပ် နှင့်အခြား လျှို့ ဝှက် ကိစ္စရပ်များတွင် တရားမဝင် တင်သွင်းမှုများကို စောင့်ကြည့် ရသည့် အကြီးအကဲ အဖြစ်လည်း လုပ်ဆောင်ခဲ့သူ ဖြစ်သည်။ ထို့နောက် ယင်းမှ တစ်ဆင့် ၎င်း၏ မိတ်ဆွေဖြစ်သူအား တရားမဝင်ဗွီဒီယို ငှားရမ်းမှုဖြင့် ဖမ်းခံခဲ့ရသည်။

၂၀၀၃ ခုနှစ်သို့ အရောက်တွင် တရုတ်မှတစ်ဆင့် တောင်ကိုရီးယားသို့ ထွက်ပြေးနိုင်ခဲ့ပြီး ဆိုးလ်မြို့တွင် အခြေချနေထိုင်ခဲ့သူ ဖြစ်သည်။ Kim ၏အပြောအရ လွန်ခဲ့သည့်နှစ်က မြောက်ကိုရီးယား တို့အနေဖြင့် ဟက်ကာ ပေါင်းသုံးထောင်ကျော်ကို မြောက်ကိုရီးယားနှင့် အခြားနိုင်ငံများဖြစ်သည့် တရုတ်၊ရုရှားနှင့် တို့တွင် စေလွတ် လှုပ်ရှားစေခဲ့ကြောင်း ပြောသည်။ ယင်းသို့ ဟက်ကာများ ရရှိစေရန်အတွက် သာမန် မူလတန်းကျောင်းများတွင် သင်္ချာနှင့်သိပ္ပံ အမှတ်ကောင်းသူ ကလေးငယ်များကို Keumseong အလယ်တန်းနှင့် အထက်တန်းကျောင်း များသို့ ပြောင်းရွေ့စေပြီး ပညာဆက်လက် သင်စေကာ ယခုလို ရွေးချယ်စေခဲ့ကြောင်း Aljazeera သတင်းတွင် ဖော်ပြခဲ့သည်။


source: Aljazeear news/mrtv-4

ကမ္ဘာပေါ်တွင် စတုတ္ထမြောက် စစ်လက်နက်ရောင်းချမှု အများဆုံး နိုင်ငံဖြစ်လာသည့် အစ္စရေး


(၂၀၁၀)ခုနှစ်အတွင်း အစ္စရေးနိုင်ငံရဲ့ စစ်လက်နက် ပစ္စည်းရောင်းချရမှုဟာ အမေရိကန်ဒေါ် လာ(၇.၂)ဘီလီယံတန်ဖိုးရှိခဲ့ပါတယ်။ အဲ့ဒီပမာဏကြောင့် သေးငယ်တဲ့ နိုင်ငံ တစ်နိုင်ငံဖြစ်တဲ့ အစ္စရေး ဟာ ကမ္ဘာပေါ်မှာ စတုတ္ထမြောက် လက်နက်တင်ပို့ရောင်းချမှု အများဆုံးနိုင်ငံဖြစ်လာခဲ့ပါတယ်။

ဒီလိုစစ်လက်နက်ပစ္စည်း ရောင်းချရငွေပမာဏကို အစ္စရေးကာကွယ်ရေးဘဏ်မှ အာဏာပိုင်တွေဟာ ဇွန်လ (၂၀)ရက်မှ (၂၆)ရက်နေ့အထိ ကျင်းပမယ့် ပဲရစ်လေကြောင်းပြပွဲ မတိုင်ခင်ထုတ်ပြန်ကြေညာခဲ့ တာဖြစ်ပြီး အဲ့ဒီလေကြောင်းပြပွဲမှာလည်း အစ္စရေးနိုင်ငံထုတ် စစ်လက်နက်ပစ္စည်းတွေ အမြောက်အများ ရောင်းချသွားနိုင်ဖို့ မျှော်လင့်ထားပါတယ်။

အစ္စရေးနိုင်ငံက ရောင်းချတဲ့ စစ်လက်နက်ပစ်္စည်းများထဲမှာ နိုင်ငံရဲ့ ထိပ်တန်းကုမ္ပဏီကြီးတွေဖြစ်တဲ့ Elbit System ၊ Israel Aerospace Industries(IAI) ၊ (ရာဖဲလ်) ၊ Isreal Military Industries(IMI) တို့က ထုတ်လုပ်တဲ့ စစ်လက်နက်ပစ္စည်းတွေ အများဆုံးပါဝင်ကြောင်း သိရပါ တယ်။ အစ္စရေးနိုင်ငံက ထုတ်လုပ်တဲ့ စစ်လက်နက်ပစ္စည်းတွေ ထဲမှာ မောင်းသူမဲ့လေယာဉ်များ၊ တင့်ကားများ၊ ခေတ်မီစစ်လက်နက်ပစ္စည်းများ၊ အရပ်ဖက်နဲ့ စစ်ဖက်သုံး လေယာဉ်များပါဝင် သလို အခြားနိုင်ငံမှ အစိုးရအဖွဲ့များနဲ့ ပုဂ္ဂလိကအဖွဲ့အစည်းများအတွက် လက်နက်တပ်ဆင်ပေးရေးနဲ့ နည်းပညာ အဆင့်မြင့်တင်ပေးရေးတို့လည်း ပါဝင်ပါတယ်။

အစ္စရေးဒေသခံ လေ့လာ သုံးသပ်သူတွေက ဒီလို စစ်ဖက်သုံး လက်နက်ပစ္စည်းတွေ တင်ပို့ရောင်းချခြင်းကြောင့် စစ်ဖက်ဆိုင်ရာ နည်းပညာတွေ ဖွံ့ဖြိုးတိုးတက်လာပြီး ကျွမ်းကျင်ပညာရှင်တွေများစွာ မွေးထုတ် ပေးနိုင်ခြင်း စတဲ့ အကျိုးကျေးဇူး တွေရရှိမှာ ဖြစ်တယ်လို့ ပြောကြားထားကြောင်း သိရပါတယ်။ - mrtv-4


Src  : Zogampost

Tuesday, June 21, 2011

လေယာဉ် ပျက်ကျမှုကြောင့် လူ ၄၄ဦး သေဆုံးကြောင်း ရုရှားပြော


ဘီဆိုဗက်။     ။ ရုရှားနိုင်ငံမြောက်ပိုင်းရှိ လေယာဉ်ကွင်း တစ်ခုမှ မြူဆိုင်းနေစဉ် ဆင်းသက်ရန် ကြိုးစားသည့် လေယာဉ်တစ်စင်းမှာ ရုတ်တရက် မီးလောင်ပျက်ကျ ခဲ့သဖြင့် အနည်းဆုံး လူ ၄၄ ဦးသေဆုံးပြီး ရှစ်ဦးမှာ ဒဏ်ရာရရှိခဲ့ကြောင်း အရေးပေါ်လုပ်ငန်း ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူက ပြောကြားလိုက်သည်။

Tupolev -134 အမည်ရ ယင်းလေယာဉ်မှာ စုစုပေါင်း လူ ၅၂ ဦးကို သယ်ဆောင်လာ ခြင်းဖြစ်ပြီး Besovets လေယာဉ်ကွင်း လေယာဉ်ပြေးလမ်းနှင့် အနည်းငယ်ကွာဝေးသည့် လမ်းမတစ်ခုအနီးတွင် ဒေသစံတော်ချိန် တနင်္လာနေ့  ည ၇ နာရီ မိနစ် ၄၀ ၌ ပျက်ကျခဲ့ခြင်း ဖြစ်ကြောင်း ပြောသည်။

ယခုပျက်ကျသည့် အထဲတွင် ကလေးငယ်များလည်း ပါဝင်ပြီး ကျန်းမာရေး ဝန်ထမ်းများ၏ အပြောအရ ယင်းကလေးငယ်မှာ ဒဏ်ရာ ပြင်းထန်လျက်ရှိကြောင်း ပြောသည်။ အဆိုပါ လေယာဉ်ပျက်ကျမှုမှာ ရုရှား လေယာဉ်သမိုင်းတွင် ပြင်းထန်သည့် လေယာဉ် ပျက်ကျမှုများ၌ ပါဝင်ကြောင်းသိရကာ လွန်ခဲ့သော ၂၀၁၀ ခုနှစ်က ပျက်ကျခဲ့သည့် ပိုလန် သမ္မတ စီးနင်းခဲသည့် လေယာဉ် အမျိုးအစားနှင့် အတူတူပင် ဖြစ်သည်။ လေယာဉ်၏ သေတ္တာနက်ခေါ်ပျံသန်းမှု မှတ်တမ်းကို ရှာတွေ့ထားပြီး မည်သည့် အကြောင်းကြောင့် ပျက်ကျခဲ့ရသည်ကို စုံစမ်းသွားမည် ဖြစ်သည်။

source: reuters/mrtv-4

ဖူကူရှီးမား လျှပ်စစ်စက်ရုံ၏ ဒုတိယ ဓါတ်ပေါင်းဖိုအား ဖွင့်မည်ဟု TEPCO ပြော


တိုကျို။    ။ တိုကျို လျှပ်စစ်စွမ်းအင် ကုမ္ပဏီ (TEPCO) ၏ ဒုတိယမြောက် ဓါတ်ပေါင်းဖိုအား ပထမဆုံးအကြိမ်အဖြစ်  ဖွင့်လှစ်တော့မည် ဖြစ်ကာ ပြင်ဆင်မည့် အဖွဲ့များကို စေလွှတ်တော့မည် ဖြစ်သည်ဟု တနင်္ဂနွေနေ့က ပြောကြားလိုက်သည်။ ဖူကူရှီးမား ဓါတ်ပေါင်းဖိုအတွင်း စုစုပေါင်း ဓါတ်ပြုဖို့ ၆ ခုရှိရာ နံပါတ် ၁ မှနံပါတ် ၄ အထိ ဓါတ်ပေါင်းဖိုများမှာ ၉.၈ အင်အားရှိ ငလျင်ကြောင့် ဖြစ်ပေါ်လာသည့် ရေလှိုင်းများ ရိုက်ခတ်ခံရသဖြင့် ဆိုးဆိုးဝါးဝါး ပျက်စီးခဲ့ပြီး ယခုလို အခြေအနေ ရောက်ခဲ့ရခြင်း ဖြစ်သည်။

Junichi Matsumoto ခေါ် TEPCO၏ နျူကလီးယား အရာရှိ၏ အပြောအရ ယခုဖွင့်လှစ်မည့် နံပတ်၂ ဓါတ်ပေါင်းဖိုအား တနင်္ဂနွေနေ့ ညနေပိုင်းတွင် ဖြေးဖြေးချင်း ဖွင့်လှစ်မည်ဖြစ်ပြီး ယင်းအဆောက်အအုံထဲရှိ အဆိပ်သင့် ဖုန်မှုန့်များ ပတ်ဝန်းကျင်သို့ မပြန့်နှံ့ စေရန်အတွက် ကြိုးစားသွားမည် ဖြစ်ကာ အလုပ်သမားများ အနေဖြင့် ယင်းအထဲမှ စက်ပစ္စည်းများနှင့် အခြား အရာများကို ဓါတ်ရောင်ခြည် သင့်မှုမည်မျှရှိနေသည်ကို သိရှိရန် တိုင်းတာမည်ဖြစ်ကာ ယင်းပတ်ဝန်းကျင်တွင် ပေါက်ကွဲမှု မဖြစ်ပွားစေရန် နိုက်ထရိုဂျင် ဓါတ်ငွေ့များ ထည့်သွင်း သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယခု ဓါတ်ပေါင်းဖိုထဲသို့ ရေတန်ချိန် တစ်သိန်းကျော် လောင်းထည့်ခဲ့သဖြင့် ယင်းရေများမှ အချို့မှာ ပင်လယ်ထဲသို့ စီးဝင်ခဲ့ရသည်။ ယခုလို ဖြစ်ပွားမှုမှာ ချာနိုဘိုင်း စက်ရုံအပြီးတွင် ဒုတိယမြောက် ကပ်ဆိုးတစ်ခုဖြစ်ပြီး ဂျပန်တို့ အနေဖြင့် အကောင်းဆုံး လွန်မြောက်နိုင်ရန် ကြိုးပမ်းလျက်ရှိသည်။


source: euronews/mrtv-4

ပထမဆုံး အကြိမ်အဖြစ် ဂေး အခွင့်အရေးများကို UN ကြေငြာ


ဂနီဗာ ။    ။ ကုလသမ္မဂ္ဂ အနေဖြင့် ပထမဆုံး အကြိမ်အဖြစ် လိင်တူ လက်ထပ်သူများ၊ လိင်ပြောင်း ထားသူများနှင့် မိန်းမလျှာများ အရေးနှင့် ပတ်သက်ပြီး အသိအမှတ် ပြုလိုက်ပြီ ဖြစ်ကြောင်း သောကြာနေ့က ပြောကြား လိုက်သည်။

အမေရိကန်နှင့် အခြားနိုင်ငံများ၏ ထောက်ခံမှုများမှာ အာဖရိကနှင့် အခြားမူဆလင် နိုင်ငံများ၏ ကန့်ကွက်မှုများထက် ပိုမိုအားကောင်း ခဲ့သဖြင့် ယခုလို အသိအမှတ် ပြုလိုက်ခြင်းလည်း ဖြစ်သည်။ လိင်တူလိင်ကွဲ နေထိုင်မှုများနှင့် မိန်းမလျှာများမှာ ဖိနှိပ်ခံ အခြေအနေများကို ခံစားနေရပြီး ယခုလို သတ်မှတ်ခြင်းမှ တစ်ဆင့် ၎င်းတို့ အနေဖြင့် သာမန် လူများကဲ့သို့ အခွင့်အရေးများ ခံစားစေနိုင်ရန် ဖြစ်ကြောင်း UN မှပြောသည်။

ယခုလို ဆုံးဖြတ်ချက် ချနိုင်စေရန် အတွက် ဂျနီဗာတွင် ပြုလုပ်သည့် ကုလသမ္မဂ္ဂ လူ့အခွင့်အရေး ကောင်စီတွင် အချေအတင် အငြင်းပွားမှုများ များစွာ ဖြစ်ပွားခဲ့ရပြီး နိုင်ငံတကာမှ ဆန္ဒမဲအဖြစ် ထောက်ခံမဲ ၃၂ မဲနှင့် ကန့်ကွက်မဲ ၁၉ မဲတို့ ဖြင့် ဆုံးဖြတ်လိုက်နိုင် ခြင်းဖြစ်သည်။ယခုလို သတ်မှတ် လိုက်ခြင်းမှ တစ်ဆင့် သမိုင်းဝင် လှုပ်ရှားမှု တစ်ခုဖြစ်လာမည် ဖြစ်ပြီး လူ့အခွင့်အရေး ပိတ်ပင်မှုများနှင့် ချိုးဖောက်မှုများကို ပြေပျောက် စေမည် ဖြစ်ကြောင်း ကုလရှိတာဝန်ရှိသူများက ယုံကြည်ကြသည်။

source: ap/mrtv-4