Tuesday, July 19, 2011

သုံးရက်အတွင်း ဒေါ်လာ ၁၆၈ သန်းကျော်ဖြင့် Potter ကား Batman ကို ကျော်ဖြတ်

 လောစ့်အိန်ဂျယ်လိ ။   ။ ပြည်တွင်းနှင့်နိုင်ငံတကာ ရုပ်ရှင်ရုံများတွင် အောင်မြင်မှု သရဖူဆောင်းလျက်ရှိသည့်  ဟယ်ရီပေါ်တာ ဇာတ်ကား မှာစံချိန် တင်မှုအသစ်တစ်ခုကို ထပ်မံပြုလုပ်လိုက်ပြန်ပြီဖြစ်သည်။

Warner Bros ကုမ္ပဏီ၏ ခန့်မှန်းချက်အရ Harry Potter and the Deathly Hallows: Part 2 ဇာတ်ကားမှာ လွန်ခဲ့သည့် သောကြာနေ့မှတနင်္ဂနွေနေ့ အထိပြည်တွင်းပြသမှုမှတစ်ဆင့် ဒေါ်လာ  ၁၆၈.၆ သန်းရရှိခဲ့ ကြောင်း သိရှိရပြီး ယခင် ၂၀၀၈ ခုနှစ်ကတင်ထားခဲ့သည့် The Dark Knight ဇာတ်ကားမှ စံချိန်ဖြစ်သည့် ဒေါ်လာ ၁၅၈.၄ သန်းကို ကျော်ဖြတ်ပြီး အပါတ်ကုန်ရက်အတွင်း ယခုလို ဝင်ငွေစံချိန်တင် ရရှိခဲ့ခြင်းဖြစ်သည်။

နိုင်ငံတကာပြသမှုများမှတစ်ဆင့် လွန်ခဲ့သည့် ဗုဒ္ဓဟူးနေ့တွင် နိုင်ငံပေါင်း ၅၉ နိုင်ငံတွင် စတင် ပြသခဲ့ပြီးနောက်ပိုင်း ဒေါ်လာ ၃၀၇ သန်းရရှိခဲ့ ပြီး လွန်ခဲ့သည့် မေလကရုံတင်ခဲ့သည့် pirates of the carribbean ဇာတ်ကား ၏ဝင်ငွေ ဖြစ်သည့် ဒေါ်လာ ၂၆၀.၄ သန်း ထက်စာပါကပိုမိုရရှိခဲ့ သည့် တစ်ခုတည်းသောဇာတ်ကားလည်းဖြစ်လာခဲ့ပြီဖြစ်သည်။

ယခုလိုဝင်ငွေများရရှိမှုမှာ ဟယ်ရီပေါ်တာဇာတ်ကားများထဲတွင် အများဆုံးဝင်ငွေစံချိန်တင်နိုင်ခဲ့ခြင်းဖြစ်ပြီး မကြာမီကာလတွင် ဘီလီယံဒေါ်လာအထိ ရရှိသည့် စံချိန်ကိုတင်နိုင်လိမ့်မည်ဖြစ်သည်ဟု ပြည်တွင်းဖြန့်ချိရေး အကြီးအကဲ Dan Fellman မှပြောကြားလိုက်သည်။


source :Zogampost

No comments:

Post a Comment