တိုကျို။ ။ တိုကျို လျှပ်စစ်စွမ်းအင် ကုမ္ပဏီ (TEPCO) ၏ ဒုတိယမြောက် ဓါတ်ပေါင်းဖိုအား ပထမဆုံးအကြိမ်အဖြစ် ဖွင့်လှစ်တော့မည် ဖြစ်ကာ ပြင်ဆင်မည့် အဖွဲ့များကို စေလွှတ်တော့မည် ဖြစ်သည်ဟု တနင်္ဂနွေနေ့က ပြောကြားလိုက်သည်။ ဖူကူရှီးမား ဓါတ်ပေါင်းဖိုအတွင်း စုစုပေါင်း ဓါတ်ပြုဖို့ ၆ ခုရှိရာ နံပါတ် ၁ မှနံပါတ် ၄ အထိ ဓါတ်ပေါင်းဖိုများမှာ ၉.၈ အင်အားရှိ ငလျင်ကြောင့် ဖြစ်ပေါ်လာသည့် ရေလှိုင်းများ ရိုက်ခတ်ခံရသဖြင့် ဆိုးဆိုးဝါးဝါး ပျက်စီးခဲ့ပြီး ယခုလို အခြေအနေ ရောက်ခဲ့ရခြင်း ဖြစ်သည်။
Junichi Matsumoto ခေါ် TEPCO၏ နျူကလီးယား အရာရှိ၏ အပြောအရ ယခုဖွင့်လှစ်မည့် နံပတ်၂ ဓါတ်ပေါင်းဖိုအား တနင်္ဂနွေနေ့ ညနေပိုင်းတွင် ဖြေးဖြေးချင်း ဖွင့်လှစ်မည်ဖြစ်ပြီး ယင်းအဆောက်အအုံထဲရှိ အဆိပ်သင့် ဖုန်မှုန့်များ ပတ်ဝန်းကျင်သို့ မပြန့်နှံ့ စေရန်အတွက် ကြိုးစားသွားမည် ဖြစ်ကာ အလုပ်သမားများ အနေဖြင့် ယင်းအထဲမှ စက်ပစ္စည်းများနှင့် အခြား အရာများကို ဓါတ်ရောင်ခြည် သင့်မှုမည်မျှရှိနေသည်ကို သိရှိရန် တိုင်းတာမည်ဖြစ်ကာ ယင်းပတ်ဝန်းကျင်တွင် ပေါက်ကွဲမှု မဖြစ်ပွားစေရန် နိုက်ထရိုဂျင် ဓါတ်ငွေ့များ ထည့်သွင်း သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယခု ဓါတ်ပေါင်းဖိုထဲသို့ ရေတန်ချိန် တစ်သိန်းကျော် လောင်းထည့်ခဲ့သဖြင့် ယင်းရေများမှ အချို့မှာ ပင်လယ်ထဲသို့ စီးဝင်ခဲ့ရသည်။ ယခုလို ဖြစ်ပွားမှုမှာ ချာနိုဘိုင်း စက်ရုံအပြီးတွင် ဒုတိယမြောက် ကပ်ဆိုးတစ်ခုဖြစ်ပြီး ဂျပန်တို့ အနေဖြင့် အကောင်းဆုံး လွန်မြောက်နိုင်ရန် ကြိုးပမ်းလျက်ရှိသည်။
source: euronews/mrtv-4
No comments:
Post a Comment