Tuesday, June 21, 2011

ပထမဆုံး အကြိမ်အဖြစ် ဂေး အခွင့်အရေးများကို UN ကြေငြာ


ဂနီဗာ ။    ။ ကုလသမ္မဂ္ဂ အနေဖြင့် ပထမဆုံး အကြိမ်အဖြစ် လိင်တူ လက်ထပ်သူများ၊ လိင်ပြောင်း ထားသူများနှင့် မိန်းမလျှာများ အရေးနှင့် ပတ်သက်ပြီး အသိအမှတ် ပြုလိုက်ပြီ ဖြစ်ကြောင်း သောကြာနေ့က ပြောကြား လိုက်သည်။

အမေရိကန်နှင့် အခြားနိုင်ငံများ၏ ထောက်ခံမှုများမှာ အာဖရိကနှင့် အခြားမူဆလင် နိုင်ငံများ၏ ကန့်ကွက်မှုများထက် ပိုမိုအားကောင်း ခဲ့သဖြင့် ယခုလို အသိအမှတ် ပြုလိုက်ခြင်းလည်း ဖြစ်သည်။ လိင်တူလိင်ကွဲ နေထိုင်မှုများနှင့် မိန်းမလျှာများမှာ ဖိနှိပ်ခံ အခြေအနေများကို ခံစားနေရပြီး ယခုလို သတ်မှတ်ခြင်းမှ တစ်ဆင့် ၎င်းတို့ အနေဖြင့် သာမန် လူများကဲ့သို့ အခွင့်အရေးများ ခံစားစေနိုင်ရန် ဖြစ်ကြောင်း UN မှပြောသည်။

ယခုလို ဆုံးဖြတ်ချက် ချနိုင်စေရန် အတွက် ဂျနီဗာတွင် ပြုလုပ်သည့် ကုလသမ္မဂ္ဂ လူ့အခွင့်အရေး ကောင်စီတွင် အချေအတင် အငြင်းပွားမှုများ များစွာ ဖြစ်ပွားခဲ့ရပြီး နိုင်ငံတကာမှ ဆန္ဒမဲအဖြစ် ထောက်ခံမဲ ၃၂ မဲနှင့် ကန့်ကွက်မဲ ၁၉ မဲတို့ ဖြင့် ဆုံးဖြတ်လိုက်နိုင် ခြင်းဖြစ်သည်။ယခုလို သတ်မှတ် လိုက်ခြင်းမှ တစ်ဆင့် သမိုင်းဝင် လှုပ်ရှားမှု တစ်ခုဖြစ်လာမည် ဖြစ်ပြီး လူ့အခွင့်အရေး ပိတ်ပင်မှုများနှင့် ချိုးဖောက်မှုများကို ပြေပျောက် စေမည် ဖြစ်ကြောင်း ကုလရှိတာဝန်ရှိသူများက ယုံကြည်ကြသည်။

source: ap/mrtv-4

No comments:

Post a Comment