Tuesday, June 28, 2011

ကဒါဖီအား နိုင်ငံတကာတရားရုံးမှ ဖမ်းဆီးမိန့် ထုတ်ပြန်


နယ်သာလန် ။     ။ နယ်သာလန်နိုင်ငံ ကမ္ဘာ့စစ်ခုံရုံးမှ တရားသူကြီးများမှာ လစ်ဗျားနိုင်ငံ ခေါင်းဆောင် မွန်မာကဒါဖီ နှင့်၎င်း၏ အရင်းနှီိးဆုံး မိတ်ဖက်နှစ်ဦးကို လူသား မျိုးနွယ်စုကို သတ်ဖြတ်နေသည့် ပြစ်မှုဖြင့် လွန်ခဲ့သော တနင်္လာနေ့က ဖမ်းဆီးမိန့် ထုတ်ပြန်လိုက်ပြီ ဖြစ်သည်။

ဟေ့ဂ်မြို့ အခြေစိုက် နိုင်ငံတကာ ပြစ်မှုဆိုင်ရာ တရားရုံးမှ တရားသူကြီး တစ်ဦးဖြစ်သူ Sanji Mmasenono Monageng မှယခုလို ဖမ်းဆီးမိန့်ကို  ထုတ်ပြန် လိုက်ခြင်းဖြစ်ကာ နေတိုးတပ်ဖွဲ့ ဝင်များမှ ရက်၁၀၀မြောက် စစ်ဆင်ရေး ပြုလုပ်သည့် နေ့တွင် ယခုလို ထုတ်ပြန်ခြင်းပင် ဖြစ်သည်။

မည်သို့ပင် ဆိုစေကာမှု ကဒါဖီ အနေဖြင့် လစ်ဗျားနိုင်ငံတွင် ဆက်လက် အာဏာရနေဆဲ ဖြစ်ပြီး အပြည့်အဝ ပြည်တွင်းစစ် အသွင်ကိုလည်း ဆောင်နေပြီ ဖြစ်သည်။ နိုင်ငံတကာ တရားရုံး ရှေ့နေဖြစ်သူ Luis Moreno-Ocampo မှာ ကဒါဖီနှင့် ၎င်း၏သားဖြစ်သူ ဆာဟိအာဆလမ်နှင့် လစ်ဗျား ထောက်လှမ်းရေး အကြီးအကဲ အဘ္ဘဒူလာအယ်လ်ဆင်နှုဆီ တို့ကို လူသတ်မှုနှင့် လူပေါင်းများစွာကို ဖိနှိပ်မှုတို့ဖြင့် ဖမ်းဆီးမိန့် ထုတ်ပြန်နိုင်ရန် လွန်ခဲ့သော ဖေဖော်ဝါရီလ ကပင်စတင်ပြီး တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

လက်ရှိအချိန်အထိ လူထောင်ပေါင်း များစွာမှာ တိုက်ပွဲများကြောင့် သေဆုံးခဲ့ရပြီ ဖြစ်ပြီး  အခြားလူ ၆၅၀၀၀၀ မှာ နိုင်ငံမှ ထွက်ပြေးကြရကာ လူပေါင်း ၂၄၃၀၀၀ မှာ တိုက်ပွဲများမှ ကင်းလွတ်စေရန် နေရာရွေ့ပြောင်းမှုများကို ပြုလုပ်ခဲ့ကြရသည်။ လစ်ဗျား နိုင်ငံမှာ လွန်ခဲ့သော ဖေဖော်ဝါရီလ မှစတင်ကာ ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့ရပြီး နောက်ပိုင်းတွင် ပြည်တွင်း မငြိမ်သက်မှု မှတစ်ဆင့် ပြည်တွင်းစစ် အသွင်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။

source : channelnewsasia

No comments:

Post a Comment