(၂၀၁၀)ခုနှစ်အတွင်း အစ္စရေးနိုင်ငံရဲ့ စစ်လက်နက် ပစ္စည်းရောင်းချရမှုဟာ အမေရိကန်ဒေါ် လာ(၇.၂)ဘီလီယံတန်ဖိုးရှိခဲ့ပါတယ်။ အဲ့ဒီပမာဏကြောင့် သေးငယ်တဲ့ နိုင်ငံ တစ်နိုင်ငံဖြစ်တဲ့ အစ္စရေး ဟာ ကမ္ဘာပေါ်မှာ စတုတ္ထမြောက် လက်နက်တင်ပို့ရောင်းချမှု အများဆုံးနိုင်ငံဖြစ်လာခဲ့ပါတယ်။
ဒီလိုစစ်လက်နက်ပစ္စည်း ရောင်းချရငွေပမာဏကို အစ္စရေးကာကွယ်ရေးဘဏ်မှ အာဏာပိုင်တွေဟာ ဇွန်လ (၂၀)ရက်မှ (၂၆)ရက်နေ့အထိ ကျင်းပမယ့် ပဲရစ်လေကြောင်းပြပွဲ မတိုင်ခင်ထုတ်ပြန်ကြေညာခဲ့ တာဖြစ်ပြီး အဲ့ဒီလေကြောင်းပြပွဲမှာလည်း အစ္စရေးနိုင်ငံထုတ် စစ်လက်နက်ပစ္စည်းတွေ အမြောက်အများ ရောင်းချသွားနိုင်ဖို့ မျှော်လင့်ထားပါတယ်။
အစ္စရေးနိုင်ငံက ရောင်းချတဲ့ စစ်လက်နက်ပစ်္စည်းများထဲမှာ နိုင်ငံရဲ့ ထိပ်တန်းကုမ္ပဏီကြီးတွေဖြစ်တဲ့ Elbit System ၊ Israel Aerospace Industries(IAI) ၊ (ရာဖဲလ်) ၊ Isreal Military Industries(IMI) တို့က ထုတ်လုပ်တဲ့ စစ်လက်နက်ပစ္စည်းတွေ အများဆုံးပါဝင်ကြောင်း သိရပါ တယ်။ အစ္စရေးနိုင်ငံက ထုတ်လုပ်တဲ့ စစ်လက်နက်ပစ္စည်းတွေ ထဲမှာ မောင်းသူမဲ့လေယာဉ်များ၊ တင့်ကားများ၊ ခေတ်မီစစ်လက်နက်ပစ္စည်းများ၊ အရပ်ဖက်နဲ့ စစ်ဖက်သုံး လေယာဉ်များပါဝင် သလို အခြားနိုင်ငံမှ အစိုးရအဖွဲ့များနဲ့ ပုဂ္ဂလိကအဖွဲ့အစည်းများအတွက် လက်နက်တပ်ဆင်ပေးရေးနဲ့ နည်းပညာ အဆင့်မြင့်တင်ပေးရေးတို့လည်း ပါဝင်ပါတယ်။
အစ္စရေးဒေသခံ လေ့လာ သုံးသပ်သူတွေက ဒီလို စစ်ဖက်သုံး လက်နက်ပစ္စည်းတွေ တင်ပို့ရောင်းချခြင်းကြောင့် စစ်ဖက်ဆိုင်ရာ နည်းပညာတွေ ဖွံ့ဖြိုးတိုးတက်လာပြီး ကျွမ်းကျင်ပညာရှင်တွေများစွာ မွေးထုတ် ပေးနိုင်ခြင်း စတဲ့ အကျိုးကျေးဇူး တွေရရှိမှာ ဖြစ်တယ်လို့ ပြောကြားထားကြောင်း သိရပါတယ်။ - mrtv-4
Src : Zogampost
No comments:
Post a Comment