Thursday, June 23, 2011

မီးဘေးအန္တရာယ်နှင့် ဆိုးဝါးစွာရင်ဆိုင်နေရသည့် အမေရိကန်ပြည်ထောင်စု


အမေရိကန်ပြည်ထောင်စု အလယ်ပိုင်းနဲ့ အနောက်တောင်ပိုင်း ရှိ ပြည်နယ်ခုနှစ်ခုမှာ လေပြင်း တိုက်ခတ်ပြီး မီးဘေးအန္တရာယ်နဲ့ ကြုံတွေ့နေပါတယ်။ အထူးသဖြင့် အရီဇိုးနား ပြည်နယ်မှာ အဆိုးဝါးဆုံးဖြစ်ပြီး အဆိုပါ ပြည်နယ်နဲ့ နယူးမက်္ကဆီကိုပြည်နယ်တို့မှာ မီးဘေးအန္တရာယ် သတိပေးနှိုးဆော်ထားကြောင်း အမေရိကန်မိုးလေ၀သဌာနမှ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ယူတာ၊ ကော်လိုရာဒို၊ ကန်ဆက်စ်၊ အိုကလာဟိုးမားနဲ့ တက္ကဆက်ပြည်နယ်တို့မှာ လည်း တောမီးများ လောင်ကျွမ်းလျက်ရှိတယ်လို့ သိရပါတယ်။ အရီဇိုးနားပြည်နယ်ရှိ မြို့နှစ်မြို့မှ ဒေသခံ ခြောက်ထောင်ကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းဖို့ အာဏာပိုင်များက ညွှန်ကြားထားပြီး နေအိမ်အချို့ မီးလောင်ကျွမ်းခံခဲ့ရပေမယ့် ထိခိုက်ဒဏ်ရာရရှိသူ မရှိဘူးလို့ တာဝန်ရှိသူ များကပြောကြားခဲ့ပါတယ်။ ဒါ့အပြင် အခုလ(၁၂)ရက်နေ့က စတင်လောင်ကျွမ်းခဲ့တဲ့ တောမီးဟာ လေတိုက်နှုန်း တစ်နာရီမိုင်(၅၀)ကြောင့် တဟုန်ထိုးကြီးထွားလာတဲ့အတွက် အဝေးပြေး လမ်းမအမှတ်(၉၂)တစ်လျောက်ရှိဒေသခံများကို ဘေးလွတ်ရာသို့ တိမ်းရှောင်ကြဖို့ အာဏာပိုင်များက ညွှန်ကြားခဲ့ပါတယ်။

ဒါ့အပြင် အရီဇိုးနားပြည်နယ်မှာ လေပြင်းတိုက်ခတ်မှု၊ စိုထိုင်းဆနည်းပါးမှုတို့ကြောင့် မီးငြှိမ်းသတ်ဖို့ အခက်အခဲ ဖြစ်နေပါတယ်။  မီးလောင်ကျွမ်းမှုကြောင့် အရီဇိုးနားပြည်နယ်က မြေဟတ်တာပေါင်း နှစ်သိန်း ခုနှစ်ထောင်ကျော် လောင်ကျွမ်းပျက်စီးသွား ခဲ့ရတယ်လို့ သိရပါတယ်။-mrtv-4

No comments:

Post a Comment