ယခင်က IMF အကြီးအကဲဖြစ်သူ Strauss-Kahn မှာ ပြင်သစ် စာရေးဆရာမ တစ်ဦးဖြစ်သူ Tristane Banon အား မုဒိမ်းမှု ကျူးလွန်ရန် ကြိုးစားခဲ့ကြောင်း တရားစွဲဆိုခံလိုက်ရ ပြန်ပြီ ဖြစ်သည်။ လွန်ခဲ့သော ၂၀၀၃ ခုနှစ်က ပဲရစ်မြို့ရှိ အခန်း တစ်ခုအတွင်း Ms Banon မှ Strauss-Kahn အား အင်တာဗျူး တစ်ခုပြုလုပ် နေစဉ် ယခုလို ကျူးလွန်ရန် ကြိုးစားခဲ့ခြင်း ဖြစ်ကြောင်း သူမ၏ ရှေ့နေမှ ပြောကြားခဲ့သည်။ အလားတူပင် Strauss-Kahn မှလည်း သူ့အား မှားယွင်းစွာ စွပ်စွဲခဲ့မှု အတွက် ပြန်လည် တရားစွဲဆိုမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
Strauss-Kahn မှာ မကြာသေးမီ ရက်ကမှ နေအိမ် အကျယ်ချုပ်မှ လွတ်မြောက်ခြင်း ဖြစ်ပြီး လွန်ခဲ့သော မေလ ၁၄ ရက်နေ့ က ဟိုတယ် ဧည့်ဆောင်ထိန်းကို စော်ကားခြင်း မပြုခဲ့ကြောင်း ငြင်းဆိုခဲ့ခြင်း ဖြစ်သည်။ ယခု အမှုသစ်မှာ Strauss-Kahn အနေဖြင့် နယူးယောက်ရှိ နေအိမ် အကျယ်ချုပ်တွင် နေထိုင်စေရန် အမိန့်ချပြီး မကြာမီပင် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ကိစ္စဖြစ်ပွားစဉ်က သူမအနေဖြင့် ရဲဌာနသို့ သွားရောက် တိုင်ကြားခဲ့ခြင်း မရှိဘဲ လွန်ခဲ့သည့် ၂၀၀၇ ခုနှစ်တွင် ပြုလုပ်သည့် tv ရှိုး အစီအစဉ်၌သာ ထုတ်ဖော်ခဲ့ခြင်း ဖြစ်သည်။ Ms Banon ၏ ဥပဒေ အရာရှိ ဖြစ်သူမှ ပြောရာ၌ ၎င်း၏ အမှုသည်မှာ လွန်ခဲ့သည့် တနင်္လာနေ့က တရားဝင် တိုင်ကြား ခဲ့ခြင်းဖြစ်ပြီး တရားရုံးသို့ မုဒိမ်းမှု ကျူးလွန်ရန် ကြိုးပမ်းမှု အဖြစ် အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်။
source : Zogampost

No comments:
Post a Comment