Thursday, September 22, 2011

Al Jazeera ရုပ်သံလိုင်း အကြီးအကဲ အလုပ်မှ နှုတ်ထွက်

နိုင်ငံတကာ သတင်း ရုပ်သံလိုင်းကြီး တစ်ခုဖြစ်သည့် Al Jazeera  ရုပ်သံလိုင်းမှ အကြီးအကဲ ဖြစ်သူ Wadah Khanfar မှာ တိကျသည့် အကြောင်းပြချက် ဖော်ပြခြင်း မရှိဘဲ အလုပ်မှ နှုတ်ထွက်သွားပြီ ဖြစ်ကြောင်း ယင်းသတင်းတွင် ကြေငြာသွားခဲ့သည်။

Khanfar မှာ ကာတာ အစိုးရ မှ ထောက်ပံ့ပေးသည့် အသံလွှင့် ဌာန တစ်ခုကို စတင်ရာမှ တစ်ဆင့် ကမ္ဘာ့ရှေ့ဆောင် တီဗွီ ရုပ်သံလိုင်း တစ်ခုအဖြစ် သို့ ရောက်အောင် စွမ်းဆောင်ပေးနိုင်ခဲ့သူလည်း ဖြစ်သည်။

၎င်းမှာ အမှုဆောင် အကြီးအကဲ ရာထူးကို ရယူခဲ့သည့် ၂၀၀၃ ခုနှစ်မှ စတင်ကာ ယခုလို ကမ္ဘာသိ သတင်း ရုပ်သံလိုင်းတစ်ခုသို့ ရောက်ရှိအောင် ပြု လုပ်ပေးခဲ့သူလည်း ဖြစ်သည်။ ယခုလို နုတ်ထွက်မှုမှာ  ကာတာ နိုင်ငံရှိ အမေရိကန် သံရုံးမှ လျှို့ဝှက်စာများကို wikileaks တွင် ဖော်ပြခဲ့ပြီးနောက် ပေါ်ထွက်လာခြင်းပင် ဖြစ်သည်။ ယင်းစာ များထဲတွင် Khanfar အနေဖြင့် အမေရိကန်အစိုးရနှင့် နီးစပ်သည့် ဆက်နွယ်မှုများ ရှိခဲ့ကြောင်း ဖော်ပြခဲ့ပြီး အမေရိကန်၏ ၂၀၀၅ ခုနှစ်က အီရတ်စစ်ပွဲ အတွင်းတွင် အမေရိကန် တာဝန်ရှိသူများ၏ တောင်းဆိုချက်ဖြင့် ၎င်းတို့ စစ်သားများ၏ အကြောင်း မကောင်းရေးသားချက်များကို ဖယ်ရှားပေးရန် သဘောတူခဲ့သည်ဆိုသည့် စာများလည်း ပါဝင်ကြောင်း သိရသည်။

အရှေ့ အလယ်ပိုင်း နိုင်ငံများရှိ မီဒီယာများမှ ပြောရာ၌ ကာတာ အစိုးရမှာ ယခုလို စာများ ထွက်ပေါ်လာမှုကို  စုံစမ်းမှုတစ်ခုကို ပြုလုပ်နေပြီးနောက် Khanfar အနေဖြင့် ရုတ်တရက် အလုပ်မှ နုတ်ထွက်ခဲ့ခြင်း ဖြစ်သည်ဟု ပြောကြား လိုက်သည်။


source : NHK news/mrtv-4  ( Zogampost)

No comments:

Post a Comment