Thursday, July 28, 2011

ဒေါ်စု အကြောင်းဇာတ်ကား “The Lady” ကို တိုရွန်တို ရုပ်ရှင်ပွဲတွင် ပြမည

 ဒေါ်အောင်ဆန်းစုကြည်အဖြစ် Michelle Yeoh သရုပ်ဆောင်ထားပြီး ဒါရိုက်တာ Luc Besson ရိုက်ကူးသော “The Lady” ဇာတ်ကားသည် စတင်ဘာလတွင် ကျင်းပမည့် တိုရွန်တို နိုင်ငံတကာ ရုပ်ရှင်ပွဲတော်၌ ပြသသွားမည်ဖြစ်ကြောင်း နယူးယောက်တိုင်းမ် သတင်းစာ အရ သိရသည်။

အဖွင့်ပွဲအား U2 နှင့် အဖွဲ့ဝင် အဆိုတော် Bono တို့၏ အကြောင်း ရိုက်ကူးထားသည့် “From the Sky Down” အမည်ရ မှတ်တမ်းရုပ်ရှင်ဖြင့် ဖွဲ့လှစ်မည်ဖြစ်သည်။  ရုပ်ရှင်ပွဲတော်သည် စတင်ဘာလ ၈ ရက်မှ ၁၈ ရက် အထိ ကျင်းပသွားမည်ဖြစ်ပြီး “The Dangerous Method,” “The Ides of March” နှင့် “Moneyball.” ရုပ်ရှင်များ ပါဝင်ပြသမည် ဖြစ်သည်။

“The Lady,” ဖြင့် ခေါ်သော ဒီမိုကရေစီခေါင်းဆောင် ဒေါ်စုကြည်၏ nickname ဖြစ်ပြီး ဇာတ်လမ်းထဲတွင် မြန်မာပြည် ဒီမိုကရေစီ ပြောင်းလဲရေးအတွက် ပေးစပ်အနစ်နာခံမှုများအား အဓိကဖော်ပြသွားသည်။ ဒေါ်စုသည် ဗြိတိန်နိုင်ငံသား မိုက်ကယ်အဲရစ်နှင့် အိမ်ထောင်ကျခဲ့ပြီး ဇာတ်လမ်းထဲတွင် David Thewlis က သရုပ်ဆောင်ထားခဲ့သည်။

တိုရွန်တိုရုပ်ရှင်ပွဲတော်မှာ မြောက်အမေရိကတိုက်၏ အကြီးဆုံးရုပ်ရှင်ပွဲတော်တစ်ခု လည်းဖြစ်ပြီး အော်စကာဆုရှင်များစွာကိုမွေးထုတ်ပေးခဲ့သည့် ရုပ်ရှင်ဇာတ်ကားများကို ဖော်ထုတ်ပေးခဲ့သည့် ပွဲတော်တစ်ခုလည်းဖြစ်သည်။ တိုရွန်တိုပွဲတော်မှာ ကိန်းရုပ်ရှင်ပွဲတော်နှင့် ဘာလင် ရုပ်ရှင်ပွဲတော် တို့ကဲ့သို့  တရားဝင် ဇာတ်ကားပြိုင်ဆိုင်မှု မရှိသော်လည်း ပရိတ်သတ် အကြိုက် ဆုကိုမူပေးအပ် ကြောင်း သိရသည်။
 source: mizzima/channelnewsasia

Src  :  Zogampost

No comments:

Post a Comment