Friday, May 6, 2011

{tongsan} Malaysia a thukhen na zum ah kawlgam mi 5 death sentence kipia hi..မလေးရှားနေ မြန်မာ ၆ ဦး သေဒဏ်ပေးခံရခြင်း


ကွာလာလမ်ပူရ်။ ။ မလေးရှားတရားရုံးမှ မြန်မာ ၆ ဦးမှ အခြားမြန်မာတစ်ဦးအား သတ်ဖြတ်ခဲ့ခြင်းအတွက် ကြိုးကွင်းစွတ်၍ သေဒဏ်ကျခံစေရန် အမိန့်ချမှတ်လိုက်သည်။

သေဒဏ်ပေးခံရသူများမှာ အောင်စိုးဦး (ခေါ်) စလင်း၊ ၀င်းနိုင် (ခေါ်) ကာစင်၊ နဂူးရာရှစ်၊ မွန်ဂျီ (ခေါ်) အဗ္ဗဒူကာရင်ဟာရှင်၊ စိုးစိုး (ခေါ်) ဆဒူလာ နှင့် ဇော်ဦး တို့ ဖြစ်ကြသည်။ သေဒဏ် ကြော်ငြာချိန်တွင် တရားခံများနှင့်အတူ ၎င်းတို့၏ မိသားစုဝင်များလည်း ရှိနေခဲ့ကြသည်။



တရားသူကြီး မိုဟာမက် ဇာဘင်ဒင်မို့ဒ်ဒီယက တရားခံများသည် ပစ်မှုမကျူးလွန်ကြောင်း ယုံကြည်ဖွယ်လောက်စရာ မချေပနိုင်ခဲ့ကြောင်းနှင့် လူသတ်မှုကျူးလွန်ခြင်းအတွက် တစ်ခုတည်းသော ပြစ်ဒဏ်မှာ သေဒဏ်သာလျှင်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

အဆိုပါ မြန်မာ ၆ ဦး သည် ဇွန်လ ၂၆ ရက်နေ့က အခြားမြန်မာတစ်ဦးဖြစ်သူ ဆာဒစ်ဘ်ဟူစိန် (အသက်၂၁နှစ်) အား Jalan 3/3A ရှိ Jalan Ipoh တွင် သတ်ဖြတ်ခဲ့သည်။ အဆိုပါအခင်းဖြစ်ပွားချိန်တွင် ရှိနေခဲ့သော အခြားမြန်မာလူမျိုးနှစ်ဦး လှမောင်သာ နှင့် ရှာရစ်ဟူစိန် တို့မှာလည်း ဒဏ်ရာရရှိခဲ့သည်။

ထိုသို့ တဖက်သားအား ပြင်းထန်သော ဒဏ်ရာရရှိစေခြင်းအတွက် အောင်စိုးဦးအား သေဒဏ်အပြင် ထောင်ဒဏ် ၆ နှစ်နှင့် အခြားသော တရားခံများအား သေဒဏ်နှင့်အတူ ထောင်ဒဏ် ၃ နှစ် အသီးသီး ကျခံစေရန် တရားသူကြီးမှ အမိန့် ချမှတ်ခဲ့သည်။

တရားရုံးမှတ်တမ်းများအရ တရားခံနာဂူသည် ယခင်က မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိမှုအတွက် အဖမ်းခံခဲ့ရပြီး မွန်ဂျိသည် အလားတူ တဖက်သားအား သွေးထွက်သံယိုဖြစ်စေရန် တိုက်ခိုက်ခြင်းအတွက် တစ်နှစ်ကျော် ထိန်းသိမ်းခံခဲ့ရသည်ဟုဆိုသည်။ တရားခံရှေ့နေများက တရားရုံး၏ စီရင်ချက်ကို ပြန်လှန်ခုခံသွားမည်ဟု ဆိုသည်။ တရားခံရှေ့နေတစ်ဦး၏ အဆိုအရ တရားခံများသည် မလေးရှားတွင် နေထိုင်လျှက်ရှိသည်မှာ ၁၀ နှစ်ခန့် ကြာမြင့်ပြီဟု ဆိုသည်။

ဤအမှုတွင် တရားလိုဘက်မှ သက်သေ ၁၈ ယောက် ထွက်ဆိုပြီး တရားခံဘက်မှ စုစုပေါင်း (တရားခံများ အပါအ၀င်) သက်သေ ၉ ယောက် လိုက်ပါ ထွက်ဆိုခဲ့ကြသည်။

Source: The Star Online


May 4 Tongsan.

No comments:

Post a Comment